Home
နိုင်ငံတကာ
ခင်ပွန်းကိုယ်စား ဆက်လက်တိုက်ပွဲဝင်မည်ဟု နာဗယ်လ်ညီ၏ဇနီး ကတိပြု
DVB
·
February 20, 2024
WRAP: Navalny's widow Yulia vows to continue his work as EU countries consider sanctions

ရုရှားအတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ အလက်ဇီ နာဗယ်လ်ညီ သေဆုံးမှုအတွက် သမ္မတ ဗလာဒီမာပူတင်မှာ တာဝန်ရှိတယ်လို့ ဇနီးဖြစ်သူက ဖေဖော်ဝါရီ ၁၉ ရက်မှာ စွပ်စွဲခဲ့ပြီး ခင်ပွန်းကိုယ်စား တိုင်းပြည်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ယူလီယာ နာဗယ်လ်ညီက ရှစ်မိနစ်စာ ဗီဒီယိုဖိုင်ကို ခင်ပွန်းသည်ရဲ့ လူမှုကွန်ရက် အကောင့်တွေမှာ တင်ခဲ့တာဖြစ်ပါတယ်။

“ပူတင်ဟာ ကျမကလေးတွေရဲ့ ဖခင်ကို သတ်ခဲ့တယ်။ ကျမနဲ့အရင်းနှီးဆုံး အချစ်ဆုံးပုဂ္ဂိုလ် တန်ဖိုးအထားဆုံးအရာကို ပူတင်က လုယူသွားခဲ့တယ်” လို့ ယူလီယာနာဗယ်လ်ညီက ပြောပါတယ်။

“ကျမ အလက်ဇီနာဗယ်လ်ညီရဲ့ အလုပ်တွေကို ဆက်လုပ်သွားမှာပါ။ ကျမတို့ တိုင်းပြည်အတွက် ဆက်တိုက်ပွဲဝင်သွားမှာပါ။ ကျမနဲ့အတူ ရပ်တည်ကြဖို့ တောင်းဆိုပါတယ်။ ကျမရဲ့ ကြေကွဲမှုတွေကို မျှဝေရုံအတွက်ပဲ မဟုတ်ဘဲ ကျမတို့ကို လွှမ်းခြုံနေတဲ့၊ ကျမတို့ကို ရုန်းထွက်ခွင့်မပြုတဲ့ အဆုံးမရှိ နာကျင်မှုတွေကိုပါ မျှဝေခံစားကြဖို့ တောင်းဆိုပါတယ်” လို့ ယူလီယာနာဗယ်လ်ညီက တိုက်တွန်းခဲ့ပါတယ်။

ရုရှားအာဏာပိုင်တွေဟာ နာဗယ်လ်ညီ သေဆုံးရတဲ့ အကြောင်းရင်းကို ဖုံးကွယ်ချင်လို့ အလောင်းကို ဝှက်ထားတာဖြစ်ပြီး ပူတင်က နိုဗီချော့ ဓာတုအဆိပ်တွေ ထပ်သုံးတဲ့ ခြေရာလက်ရာကို ဖျောက်ချင်လို့ အချိန်ဆွဲနေတာလို့ ဇနီးသည်က စွပ်စွဲပါတယ်။

အလောင်းကို ဓာတုစစ်ဆေးမှုလုပ်စရာရှိတာကြောင့် နောက် ၁၄ ရက်ကြာတဲ့အထိ ဆက်လက်ထိန်းသိမ်းထားဦးမယ်လို့ အာဏာပိုင်တွေက အကြောင်းကြားတယ်လို့ နာဗယ်လ်ညီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကီရာ ယာမစ်ရှ်က ထုတ်ပြန်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024