Home
မြန်မာသတင်း
တန့်ဆည်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ဒေသခံထောင်ချီ စစ်ရှောင်နေရ
DVB
·
February 19, 2024
Tant Se war victims_19022024

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ရွာသာယာကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဖေ‌ဖော်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီလောက်က ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်‌ကာင်စီ လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့ ကျေးရွာဟာ ရေဦးမြို့နယ်နဲ့ တန့်ဆည်မြိုနယ် ၂ ခုကြားမှာရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံရွာသားတဦးက “လေယာဉ်နဲ့ လာမပစ်ခင်ကတည်းက ကျနော်တို့ဒေသခံတွေက ထွက်ပြေးနေရတယ်။ ဘာလို့ထွက်ပြေးရတာလဲဆိုတော့ ရေဦးမြို့နယ်ဘက်ကနေ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ ရွာရှိလူအကုန် ထွက်ပြေးနေကြရတာပါ။ လေယာဉ်နဲ့ လာပစ်တာက စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ပြီး ပစ်ခတ်တိုက်ခိုက်လို့ အထိနာလို့ ပစ်တာနေမယ်ဗျ။ လေယာဉ်နဲ့ပစ်တာက ရွာအနီး တောစပ်တွေထဲ ပစ်သွားတာ။ အထိအခိုက်ကတော့ ဘာမှမသိသေးဘူး” လို့ ပြောပါတယ်။

ရေဦးမြို့နယ်ဘက်ကနေ တန့်ဆည်မြို့နယ်အတွင်း‌ မြေပြင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကတော့ တန့်ဆည်မြို့နယ် ရွာသာယာမှာ အထိုင်ချ တပ်စွဲနေတာကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၂၀ ကျော်က ဒေသခံတွေဟာ စစ်ဘေးရှောင် နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းထားနိုင်တဲ့ ကောလင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် ပြန်လည်သိမ်းပိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် အခု ဖေဖော်ဝါရီ ၁ ရက်ကတည်းက ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်တွေထဲက‌‌ ကျေးရွာတွေဆီ အကြောင်းမဲ့ လေယာဉ်နဲ့ပစ်ခတ်တာတွေ ခပ်စိတ်စိတ် ပြုလုပ်နေပြီး အခုလို ပစ်ခတ်တာကြောင့် အရပ်သား သေဆုံးတာတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024