Home
သတင်းဓာတ်ပုံ
စစ်ခေါင်းဆောင် တရုတ်နှစ်သစ်ကူးပွဲ တက်ရောက်ပြီး တရုတ်နိုင်ငံထံမှ အကူအညီတောင်း (ဓာတ်ပုံ) 
DVB
·
February 19, 2024
2024 Chinese NewYear 2_19022024
2024 Chinese NewYear 1_19022024
2024 Chinese NewYear 3_19022024
2024 Chinese NewYear 4_19022024
2024 Chinese NewYear 5_19022024
2024 Chinese NewYear 6_19022024
2024 Chinese NewYear 7_19022024
2024 Chinese NewYear 8_19022024
2024 Chinese NewYear 9_19022024
2024 Chinese NewYear 10_19022024

မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ  တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေအနေနဲ့ ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပန်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စာမျက်နှာမှာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေတဲ့ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတို့ရဲ့ မိတ်ကောင်းဆွေမွန် ပီသမှုအတွက် အထူးပင်ကျေးဇူးတင်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

၂၀၂၄ ခုနှစ် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက  ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံမှာ ကျင်းပရာမှာ  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် ပြောကြားခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁ နှစ်နဲ့ ၉ လခန့်အကြာမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ပါကြောင်း၊ ဒီလို ထူထောင်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံး အသိအမှတ်ပြုခဲ့သလို အဆိုပါအချိန်ကတည်းက တရုတ်တနိုင်ငံတည်း မူဝါဒကိုသာ ကိုင်စွဲပြီး ဒီနေ့အချိန်အထိ ရပ်တည်နေတဲ့ ခိုင်မာတဲ့ အိမ်နီးချင်းနိုင်ငံတခု ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း လုံခြုံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ် ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊  အွန်လိုင်း လောင်းကစားမှုတွေနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို နှိမ်နင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်နေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

သံလွင်၊ မဲခေါင်မြစ်နှစ်စင်းက အစပြုပြီး သဘာဝတောတောင် ရေ မြေများစွာ ထိစပ်နေတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံမှုတွေနဲ့ တူညီတဲ့ ယဉ်ကျေးမှုတွေဟာ ရေကိုသားသော်အကြား မထင်သကဲ့သို့ ဘယ်သူဖျက်ဖျက် ပျက်စီးမသွားဘဲ ခိုင်မာစွာ ဖြစ်တည်နေမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟန်ကလည်း နှစ်သစ်အခါသမယမှာ နဂါး ကဲ့သို့ တင့်တယ်တာ၊ အားမာန်ပြည့်ဝ တိုးတက်ကြပါစေကြောင်း၊ ပြီးခဲ့တဲ့ နှစ်များအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီးမှာ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ယုံကြည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုတိုးမြှင့်ခိုင်မာအောင် တည်ဆောက်နိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် နှစ်သစ်မှာ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံရှိ ပြည်သူတွေအနေနဲ့  ငြိမ်းချမ်းခြင်း၊ ချစ်ခင်ခြင်း၊ အပြန်အလှန် လေးစားခြင်းတို့နဲ့ ပြည့်ဝပြီး နှစ်နိုင်ငံအကျိုးအတွက် ဆောင်ရွက်နိုင်ကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေကြောင်းနဲ့ တရုတ်-မြန်မာ လူသားမျိုးနွယ်တွေ တိုးတက်မှုအတွက် အတူတကွကြိုးပမ်းသွားကြမယ်လို့လည်း ပြောပါတယ်။

Photo-CINCDS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024