ဘိုင်ယန်မြူးနစ်အသင်းဟာ ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပေမဲ့ နည်းပြ သောမတ်စ်တူဟယ်ကို ထုတ်ပယ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဘိုင်ယန်အသင်းဟာ မနေ့ညက ကစားသွားတဲ့ ဘိုချမ်အသင်းနဲ့ ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့ပြီး နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ရတာပါ။
ဒီရှုံးပွဲကြောင့် ဦးဆောင်သူ လီဗာကူဆင်နဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့လို့ နည်းပြတူဟယ်အတွက် ဖိအားအများဆုံးအချိန် ရောက်ရှိသွားတာပါ။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ တူဟယ်ကို ထုတ်ပယ်ဖို့ လုပ်ဆောင်မှာမဟုတ်ကြောင်းနဲ့ တူဟယ်ကိုယ်တိုင်ကလည်း နုတ်ထွက်ဖို့ ဆန္ဒမရှိဘဲ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း စကိုင်းစပေါ့ ဂျာမနီရဲ့ သတင်းထောက် ဖလော်ရီယန်ပလက်တန်ဘက်ချ်က ဖော်ပြသွားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း စီအီးအို ဒရက်ဆန်ကလည်း တူချယ်ကိုထုတ်ပယ်ဖို့ စိတ်ကူးမရှိသေးဘဲ လာမယ့်တပတ်ပွဲစဉ်ကို ဆက်လက်ကိုင်တွယ်လိမ့်မယ်လို့ ဆိုပါတယ်။
ဘိုင်ယန်ဟာ လာမယ့်အပတ် ဘွန်ဒက်စ်လီဂါမှာ လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲရယူနိုင်မှသာ သက်သာရာရဖို့ရှိပါတယ်။
Photo-Reuters