အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ တောင်းဆိုချက်အရ အီဂျစ်နိုင်ငံရဲ့ မြို့တော်ကိုင်ရိုမှာ ကျင်းပတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် စေ့စပ်ညှိနှိုင်းရေးမှူးတွေ စေလွှတ်ခဲ့ပေမယ့် ဟားမတ်စ်တွေရဲ့ တောင်းဆိုချက်တွေက လွဲမှားနေလို့ ဆွေးနွေးပွဲကို ပြန်မလုပ်တော့ဘူးလို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ဟားမတ်စ်တွေက တောင်းဆိုချက်တွေကို အပြောင်းအလဲ မလုပ်မချင်း နောက်ထပ်ညှိနှိုင်းစရာ ဘာအကြောင်းမှ မရှိတော့ဘူးလို့လည်း သူကပြောပါတယ်။
ကြိုတင်သတ်မှတ်ချက်တွေ မပါဘဲ တိုက်ရိုက်ညှိနှိုင်းမှသာ ပါလက်စတိုင်းတွေနဲ့ ပိုကျယ်ပြန့်တဲ့ သံတမန်ရေး သဘောတူညီချက်ကို ရနိုင်မယ်လို့လည်း နေတန်ယာဟုက သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးရဲ့ ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကြောင့် ဂါဇာကမ်းမြောင်ဒေသ အများအပြား ပျက်စီးခဲ့ပြီး မြို့သူမြို့သားအားလုံးနီးပါးလည်း အိမ်တွေကနေ စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ထိုးစစ်ကြောင့် အရပ်သား အများစု အပါအဝင် လူ ၂၈၈၅၈ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးနိုင်ငံထဲကို ဝင်ရောက် တိုက်ခိုက်ခဲ့လို့ အရပ်သားအများစုဖြစ်တဲ့ လူ ၁၂၀၀ သေဆုံးခဲ့ပြီး ဓားစာခံ ၂၅၃ ဦးအဖမ်းခံ ခဲ့ရတယ်လို့ အစ္စရေး ရဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။
Source/Photo-Reuters