တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စွန့်စားမှုလျှော့ချရေး အကျိုးစီးပွားအတွက် တရုတ်နိုင်ငံကနေ ခွဲထုတ်ဖို့ ကြိုးပမ်းရင် သမိုင်းဝင်အမှားတခု လုပ်မိသလို ဖြစ်မယ်လို့ အနောက်နိုင်ငံတွေကို ဖေဖော်ဝါရီ ၁၇ ရက်က မြူးနစ်လုံခြုံရေးညီလာခံမှာ သတိပေးလိုက်ပါတယ်။
စွန့်စားမှု ဆိုတဲ့နာမည်ကို အကြောင်းပြပြီး ဟန်တရုတ်ယဉ်ကျေးမှုတွေ၊ ဝိသေသလက္ခဏာ ဒါမှမဟုတ် အသိတရားကို လူ့အဖွဲ့အစည်း ဒါမှမဟုတ် လူမျိုးကနေ ဖယ်ရှားလျှော့ချတဲ့ လုပ်ငန်းစဉ်ကို ကြိုးစားသူဟာ သမိုင်းဝင်အမှားတခုကို လုပ်လိုက်တာပဲလို့လည်း ဝမ်ယိက ပြောပါတယ်။
တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က တောင်းဆိုနေတဲ့ကြားက ခုလိုမှတ်ချက်တွေ ထွက်လာတာပါ။
သောကြာနေ့ ကွန်ဖရင့်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကန်နဲ့ တွေ့ချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက “စွန့်စားမှု လျှော့ချရေးကို တရုတ်ကို အားကိုးမှု လျှော့ချရေး” အဖြစ် ပုံဖော်နေတဲ့အကြောင်းကို ဖိအားပေး ပြောပါတယ်။
တရုတ်နိုင်ငံကနေ ခွဲထွက်ဖို့ ကြိုးပမ်းခြင်းရင် မျှော်မှန်းထားတာနဲ့ ဆန့်ကျင်တဲ့ ရလဒ်ကို အမေရိကန်ကိုယ်တိုင် ရလာလိမ့်မယ်လို့လည်း ဝမ်ယိက အလေးပေး ပြောကြားခဲ့ပါတယ်။
ဥရောပကော်မရှင်ဟာ ပြီးခဲ့တဲ့လက တရုတ်လို ပြိုင်ဘက်တွေဆီ နည်းပညာ စီးဆင်းမှုနဲ့ ပြည်ပပို့ကုန်တွေကို ပိုပြီး ညှိနှိုင်းထိန်းချုပ်လာတာတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုအနီးကပ် စစ်ဆေးခဲ့တာပါ။
ဒီနည်းနဲ့ ဥရောပသမဂ္ဂရဲ့ စီးပွားရေးလုံခြုံရေးကို အားကောင်းလာစေမယ့် အစီအစဉ်တွေကို ချမှတ်ခဲ့လို့ EU ဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်းက စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။ ဒီအစီအစဉ်တွေဟာ ရုရှနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကြောင့် သံသယဖြစ်စရာရှိတဲ့ တရုတ်နိုင်ငံအပေါ် စီးပွားရေးအားကိုးမှု လျှော့ချရေး EUရဲ့ မူဝါဒကို မီးမောင်းထိုးပြထားပါတယ်။
မြူးနစ်လုံခြုံရေးညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ တွေ့ဆုံရာမှာ တရုတ်ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့ ဝမ်ယိက ဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
Source/Photo-Reuters