ထိုင်ဝမ်ကျွန်းပေါ် နယူးတိုင်ပေမြို့က တောင်ထူထပ်တဲ့ ဖျင်ရှီးခရိုင်မှာ နဂါးနှစ်အတွက် ဆုမွန်ကောင်းတောင်းရင်း ရာချီတဲ့ မီးပုံးတွေကို ဖေဖော်ဝါရီ ၁၇ ရက်က လွှတ်တင်ခဲ့ပါတယ်။
ကောင်းကင်မီးပုံးပွဲတော်ကို နှစ်သစ်ကူးပွဲတော် အခမ်းအနားတွေ ပြီးဆုံးခြင်းအထိမ်းအမှတ်အဖြစ် နယူးတိုင်ပေမှာ ၁၉၉၉ ခုနှစ်က စပြီး ကျင်းပတာပါ။
ပါဝင်ဆင်နွှဲသူတွေဟာ မိသားစုနဲ့ သူငယ်ချင်းတွေ ကျန်းမာစေဖို့ ချစ်ခြင်းမေတ္တာကနေ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ တိုက်ခိုက်ခြင်းကနေ ကင်းဝေးမယ့် မျှော်လင့်ချက်အထိ ပိုလေးနက်တဲ့ အကြောင်းအရာတွေကို မီးပုံးပေါ်မှာ ရေးသားရင်း ပါဝင်ဆင်နွဲသူတွေက ဆုတောင်းမေတ္တာ ပို့သကြပါတယ်။
အခုနှစ်မှာ ၂၆ ကြိမ်မြောက် ကျင်းပတဲ့ မိုးပျံ မီးပုံးပွဲတော်ဟာ အာရှနဲ့ ကမ္ဘာတလွှားက ခရီးသွား ထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ပါတယ်။
ထိုင်ဝမ်ရေပိုင်နက်ထဲဝင်လာတဲ့ တရုတ်ငါးဖမ်းသင်္ဘောကို အင်အားသုံး မောင်းထုတ်ရာက သင်္ဘောပေါ်က လူ ၄ ယောက်လုံး ရေထဲကျခဲ့ပြီး ၂ ယောက် ရေနစ်သေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ထိုင်ဝမ်ကြား အပြန်အလှန် အပြစ်တင်နေကြချိန်နဲ့ ဒီပွဲတော်က တိုက်ဆိုင်နေတာပါ။
အသက်ရှင် ကျန်ရစ်သူ ၂ ယောက်ကို ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးဖို့ တရုတ်ပြည်မကြီး အစိုးရကောင်စီ ထိုင်ဝမ်ရေးရာရုံးပြောခွင့်ရ ကျူးဖုန့်လျန်က စနေနေ့မှာ တိုက်တွန်းခဲ့ပါတယ်။
Source/Photo-Reuters