မန်ယူအသင်းအနေနဲ့ လက်ရှိအချိန်မှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာပြီဖြစ် ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
လူတန်တောင်းအသင်းနဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့အခြေအနေအပေါ် နည်းပြတန်ဟတ်ဂ်က ကျေနပ်အားရကြောင်း ပြောသွားခဲ့တာပါ။
အသင်းဟာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေပြီး လိုချင်တဲ့ အဆင့်ရပ်တည်မှု တခုရဖို့ တော့ ဆက်လက်ကြိုးပမ်းသွားဖို့ လိုအပ်တယ်လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
အဆင့်လေးအတွင်းဝင်ဖို့အတွက် ပစ်မှတ်ထားကြိုးပမ်းရမှာဖြစ်ပြီး အသင်းသားတွေ အားလုံးကလည်း ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်တဲ့ အရည်အချင်းတွေရှိကြတယ်ဆိုတာ သိထားပြီးသား ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက်နိုင်ပွဲပြန်ရခဲ့တကြောင့် အဆင့် ၆ နေရာဆီ တက်လှမ်းလာနိုင်ခဲ့တာပါ။
လူတန်တောင်းနဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့်လေး နေရာက ဗီလာအသင်းနဲ့ ၅ မှတ် ကွာခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
Photo-REUTERS/Dylan Martinez