မန်စီးတီးအသင်းရဲ့ခြေချော်မှုက လီဗာပူးနဲ့ အာဆင်နယ်ကို ယုံကြည်မှု တိုးပွားစေလိမ့်မယ်လို့ အင်္ဂလန် နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်သွားပါတယ်။
မန်စီးတီးဟာ မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ တဂိုးစီသရေကျခဲ့တာကြောင့် လီဗာပူးနဲ့ ၄ မှတ်အကွာ၊ အာဆင်နယ်နဲ့ ၂ မှတ်အကွာ အဆင့် ၃ နေရာရောက်ရှိသွားတာပါ။
လက်ကျန် တပွဲကစားဖို့ ကျန်နေသေးပေမဲ့ ထိပ်ဆုံးကလီဗာပူးကို ကျော်ဖြတ်ဖို့ ပြိုင်ဘက်ရဲ့အမှားကိုသာ စောင့်ကြည့်ရတော့မယ့် အခြေအနေဖြစ်သွားတာပါ။
အင်္ဂလန်နဲ့ လီဗာပူး နောက်ခံလူဟောင်း ကာရေဂါကတော့ စီးတီးရဲ့ အမှတ်လျော့မှုဟာ ပြိုင်ဘက် လီဗာပူးနဲ့ အာဆင်နယ်ကို ယုံကြည်မှုတွေ တိုးပွားစေကြောင်း၊ လက်ကျန်ပွဲစဉ်တွေကျန်သေးပေမဲ့ ဒီချိန်မှာ အမှတ်လျော့ခဲ့တာတွေက ရာသီနှောင်းပိုင်းကာလတွေမှာ အထိနာစေမှာဖြစ်ကြောင်း ကာရေဂါက ပြောပါတယ်။
နောက်ခံလူဟောင်း မီကာရစ်ချက်ကတော့ မန်စီးတီး အမှတ်လျော့ခဲ့ပေမဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့က ကျော်ဖြတ်ဖို့ ခက်ခဲမှာဖြစ်ကြောင်း သုံးသပ်သွားပါတယ်။
Photo-REUTERS/Carl Recine