ဂီတာဖေးတောင်ပံကစားသမား မေဆန်ဂရင်းဝုဒ်ဟာ လာလီဂါအတွက် အလွန်ကောင်းလွန်းနေ တဲ့ ကစားသမားဖြစ်ကြောင်း ပရိသတ်တွေက ချီးကျူးကြပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် ညက ကစားသွားတဲ့ ဗီလာရီးရဲလ် အသင်းနဲ့ တဂိုးစီသရေပွဲမှာ ဂရင်းဝုဒ်က တဦးချင်းရော၊ အသင်းလိုက်ပါ ခြေစွမ်းပြသခဲ့တာပါ။
ဂီတာဖေးအသင်းရဲ့ ဦးဆောင်ဂိုးအတွက် တည်ကန်ဘောကနေတဆင့် အလိုက်မြှောက်တင်ပေး ခဲ့သလို ဗီလာရီးယဲလ်ကစားသမား ၄ ဦးလောက်ကိုလည်း လိမ်ခေါက် ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဂရင်းဝုဒ်ဟာ လာလီဂါအတွက် ကောင်းလွန်းနေတဲ့ကစားသမားဖြစ်ပြီး ပြိုင်ဘက် လေး၊ ငါးယောက်ကို အလွယ်တကူ ကျော်ဖြတ်နိုင်တာက အံ့အားသင့်စရာကောင်းတယ်လို့ ဆိုရှယ်မီဒီယာကနေ ရေးသားချီးကျူး ခဲ့တာပါ။
တခြားပရိသတ်တယောက်ကလည်း ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာနိုင်တဲ့ ဂရင်းဝုဒ်ကို ရာသီ အကုန်မှာ ဘယ်အသင်းက လက်မှတ်ထိုးခေါ်ယူမလဲဆိုတာ စိတ်ဝင်စားကြောင်း ရေးသားခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ဂီတာဖေးအသင်းမှာ အငှားစာချုပ်နဲ့ သွားရောက် ကစားနေတာဖြစ်ပါတယ်။
Photo-Reuters