မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်လူငယ်ကြယ်ပွင့် မက်သီတဲလ်ကို ခေါ်ယူဖို့ မေးမြန်းစုံစမ်း ထားတယ်လို့သိရပါတယ်။
ပြင်သစ်လူငယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဘက်ကို အနိုင်ဂိုးတဂိုးသွင်းခဲ့ဖူးပါတယ်။
မက်သီတဲလ်ဟာ ၂၀၂၂ ခုနှစ်က ပြင်သစ်ကလပ်ရင်းနက်စ်ကနေ ပေါင် ၂၅ သန်းလောက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။
လူစားဝင်ကစားရတဲ့ပွဲကပိုများခဲ့ပေမဲ့ တိုးတက်လာတဲ့စွမ်းဆောင်ရည်ကြောင့် အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
မန်ယူနဲ့ အပြိုင် တခြားပရီးမီးယားလိဂ်ကလပ်တွေဟာလည်း မက်သီတဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အရပ် ၆ ပေ ရှိ တိုက်စစ်မှူး မက်သီတဲလ်ဟာ ဘိုင်ယန်နဲ့ စုစုပေါင်း ၅၅ ပွဲမှာ ၁၂ ဂိုးသွင်းယူထားပါတယ်။
Photo-Reuters