ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမဘေး (ဆည်မြောင်းတည်-၉ လမ်းထိပ်) ဝတ်ရည်မွန် စားသောက်ဆိုင်ရှေ့မှာ ဖေဖော်ဝါရီ ၁၅ ရက်ညက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပြန်လှန်ပစ်ခတ်မှုဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြဘဲ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှ ဘေးကင်းလုံခြုံရာကို ရောက်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်ပစ်ဗုံးသီး ၂ လုံး၊ ရှေ့ထွက်မိုင်းနဲ့ ဆိုင်ကယ် ၁ စီး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးကို ၃ ရက်ကြာ ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီထောက်တိုင်မှန်သမျှကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ပြောပါတယ်။