Home
သတင်းဓာတ်ပုံ
စစ်တွေတွင် စားသုံးဆီရရှိရန် တန်းစီဝယ်ယူနေရ (ဓာတ်ပုံ)
DVB
·
February 16, 2024
SittweCookingOil10_160202024
SittweCookingOil09_160202024
SittweCookingOil08_160202024
SittweCookingOil07_160202024
SittweCookingOil06_160202024
SittweCookingOil05_160202024
SittweCookingOil04_160202024
SittweCookingOil03_160202024
SittweCookingOil02_160202024
SittweCookingOil01_160202024

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ စားသုံးဆီပြတ်လပ်မှုကြောင့် ဒေသခံတွေဟာ နာရီနဲ့ချီကာ စားသုံးဆီရရှိဖို့ တန်းစီနေကြရပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အနှံ့မှာ ခရီးသွားလာခွင့်နဲ့ ကုန်စည်စီးဆင်းမှု အားလုံးကို ဖြတ်တောက်လိုက်တာကြောင့် စားသုံးကုန်နဲ့ တခြားလုပ်ငန်းသုံးဆီတွေ အကုန်လုံး ဈေး ၁၀ ဆခန့် တက်ကုန်ပြီး စျေးကွက်ထဲမှာပါ ရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။

ဒီလို စားသုံးဆီ အပါအဝင် လိုအပ်တဲ့ စားကုန်ပစ္စည်းတွေကိုလည်း လိုအပ်သလောက် ဝယ်ယူလို့ မရတဲ့အပြင် ဝယ်ယူရရှိဖို့အတွက်လည်း နာရီနဲ့ချီပြီး တန်းစီနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး ရခိုင်ပြည်နယ်မှာ ဖုန်း၊ အင်တာနက် အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ ကုန်စည်စီးဆင်းမှုတွေပါ ပိတ်ထားတာကြောင့် ဒေသခံအများစုဟာ အစားအစာပြတ်လပ်မှုနဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024