အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ မြောက်ပိုင်းရှိ သုတ်ဆေးစက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆောက်အအုံ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ်လောက်မှာ ဖုန်းလက်ခံ ရရှိပြီးပြီးချင်း ဒေလီမီးသတ်ဌာနဟာ အလီပူရ်နယ်မြေကို မီးသတ်ကား ၂၂ စီး အမြန်စေလွှတ်ခဲ့ပြီး ၄ နာရီအတွင်းမှာ မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်ဌာနအကြီးအကဲ အာတူလ် ဂါ့ဂ်က ပြောကြားခဲ့ပါတယ်။
သုတ်ဆေးတွေပါ ပါဝင်နေတဲ့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့က အလွန်ခက်ခဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆောက်အဦ ပြိုကျခဲ့ပြီးနောက် အလုပ်သမားတွေ အတွင်းမှာ ပိတ်မိနေခဲ့ကြောင်း ဂါ့ဂ်က ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်း အတိအကျကို မသိရသေးကြောင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်သမားတွေက ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေကြကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
Source/Photo - Reuters