ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ထိုင်းဗီဇာလျှောက်ထားမှု များပြားလာပြီး ဗီဇာလျှောက်ထားဖို့အတွက် တိုကင်နံပါတ်တွေကို ၃ ရက်ကြိုတင်ပြီး ထိုင်းသံရုံးက ထုတ်ပေးနေပါတယ်။
ဗီဇာလျှောက်ထားသူတွေဟာ မနက်လေးနာရီကတည်းက ထိုင်းသံရုံးရှိရာ မနော်ဟရီလမ်းနဲ့ တော်ဝင်လမ်းတလျှောက်မှာ တန်းစီစောင့်ဆိုင်းခဲ့ကြပြီး အဲ့ဒီနေ့ ညနေ ၃ နာရီအရောက်မှ ဗီဇာရရှိတဲ့အထိ လျှောက်ထားသူတွေ များပြားနေတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၁ နာရီခွဲကစပြီး ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွက် ဗီဇာလျှောက်ထားဖို့ တိုကင်နံပါတ်တွေကို လာရောက်ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့နောက်ပိုင်း ဗီဇာလျှောက်ထားခြင်းနဲ့ ပတ်သက်ပြီး ထပ်မံကြေညာသွားမယ်လို့ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် နယ်စပ်တလျှောက်မှာ စစ်ဘေးရှောင်လူဦးရေနဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေ များပြားလာသလို အခုလို ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားပြီး တရားဝင် ရွှေ့ပြောင်းသွားလာသူတွေလည်း များပြားလာပါတယ်။