Home
မြန်မာသတင်း
ဟိုပုံးတွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၊ ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
DVB
·
February 16, 2024
Hoe 1622024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက်ကဆျားရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ရွာသား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ ရွာသားတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနက်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွာခံတဦးက "တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ စစ်ကောင်စီက PNLA (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်) တပ်ဖွဲ့တွေ ရွာထဲရှိတယ်ဆိုပြီး လာတိုက်ခိုက်တာပါ။ တဦးက ပွဲချင်းသေသွားတယ်။ ၃ ဦးတော့ ရွာဆေးခန်းထဲပဲ ဆေးကုမှုခံယူနေတယ်" လို့ ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ရွာအပြင် တိမ်းရှောင်မဲ့ ရွာသားတွေကိုလည်း ရွာကော်မတီနဲ့ ရွာလူကြီးတွေက သွားခွင့်မပြုဘူးလို့ ဆိုပါတယ်။

"ရွာအပြင် လုံးဝပေးမထွက်ဘူး၊ ဘာပဲဖြစ်ဖြစ် ရွာထဲပဲနေတဲ့ ကော်မတီက အဲလိုပြောတယ်။ တကယ်လို့ ရွာကနေ ထွက်ပြေးရင် ရွာကနေ ပယ်မယ် ပြောတယ်။ ကော်မတီက PNO ပြည်သူ့စစ် အဖွဲ့ဝင်ဖြစ်ပါတယ်။"

လက်ရှိမှာလည်း တိုက်ပွဲမဖြစ်ပေမဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် အင်အားအများအပြား ရွာအပြင်နဲ့ ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ကျောက်ကဆျားရွာနဲ့ ၆ မိုင်လောက်သာဝေးတဲ့ ပဆျားကြိုးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးလာကြဲတာကြောင့် ရွာသား ၂ ဦးသေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024