Home
မြန်မာသတင်း
စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂထံ ဂျပန်ရောက် မြန်မာများ တောင်းဆို 
ဇော်ဇော်လှိုင်
·
February 15, 2024
Myanmar protest at Japan 3_15022024
Myanmar protest at Japan 1_15022024
Myanmar protest at Japan 2_15022024
Myanmar protest at Japan 4_15022024
Myanmar protest at Japan 5_15022024
Myanmar protest at Japan 6_15022024
Myanmar protest at Japan 7_15022024
Myanmar protest at Japan 8_15022024
Myanmar protest at Japan 9_15022024
Myanmar protest at Japan 10_15022024
Myanmar protest at Japan 11_15022024

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ PDF ရဲဘော်နှစ်ဦးကို မီးရှိ့သတ်ဖြတ်မှု အပါအဝင် မြန်မာနိုင်ငံတဝန်းက ပြည်သူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့  မတရား အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက အရေးယူပေးဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ညနေက   ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှီဘူယရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အပါအဝင် နွေဦးတော်လှန်ရေးကို ကူညီအားပေးနေတဲ့ ဂျပန်လူမျိုးတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

မြန်မာပြည်နေရာအနှံ့ စစ်ကောင်စီက မြန်မာပြည်သူတွေကို မတရားအကြမ်းဖက်သတ်ဖြတ်နေတာကို အရေးယူပေးဖို့ အပါအဝင် လက်ရှိ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီ  ပေးပို့တဲ့ တောင်းဆိုစာကိုလည်း ဂျပန်ကုသမဂ္ဂရုံး တာဝန်ရှိသူတဦးက လက်ခံရယူခဲ့ပါတယ်။

နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အရပ်သားအစိုးရအုပ်ချုပ်ရေးလမ်းကြောင်းဆီ ပြန်ရောက်ဖို့ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အကူအညီတွေ အမြန်ဆုံးလိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က  ဖေဖော်ဝါရီ ၄ ရက်မှာ  ပြောကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024