ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီဟာ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ချစ်သူဖြစ်သူ ဂျိုဒီဟေဒန်ကို လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အယ်လ်ဘန်နီက သူတို့နှစ်ဦး စေ့စပ်လိုက်ပြီ ဆိုတာကို လူမှုကွန်ရက်ပေါ်မှာ “သူမက ရက်စ် ပါတဲ့” ဆိုတဲ့ စာသားနဲ့ စုံတွဲဆဲလ်ဖီပုံတင်ပြီး အတည်ပြုလိုက်ပါတယ်။
အီတလီစားသောက်ဆိုင်တခုမှာ ဖေဖော်ဝါရီ ၁၄ ရက်က နှစ်ဦးသား ချိန်းတွေ့ခဲ့ကြပြီးနောက် ကန်ဘာရာမြို့တော်က ဝန်ကြီးချုပ်အိမ်တော်၊ လေသာဆောင်မှာ အယ်လ်ဘန်နီက လက်ထပ်ခွင့် တောင်းခဲ့တာလို့ ဆိုပါတယ်။
ပင်စင်ရန်ပုံငွေလုပ်ငန်းနယ်ပယ်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့ ဟေဒန်က သူတို့စုံတွဲကို ဝိုင်းဝန်းဂုဏ်ပြုကြသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း Sky ရုပ်သံနဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၂၀ တုန်းက မဲလ်ဘုန်းမှာ စတွေ့ခဲ့တာဖြစ်ပြီး ဩစတြေးလျမှာ ဝန်ကြီးချုပ်တာဝန် ယူထားသူတဦး စေ့စပ်တာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။
Source/Photo-Reuters