Home
အားကစား
နောက်ခံလူ အာနိုးလ် လိဂ်ဖလားဗိုလ်လုပွဲအပါဝင် ပွဲစဉ် ၅ ပွဲခန့် လွဲချော်မည်
DVB
·
February 15, 2024

လီဗာပူးနောက်ခံလူ အာနိုးလ်ဟာ ဒူးဒဏ်ရာကြောင့် လိဂ်ဖလားဗိုလ်လုပွဲအပါအဝင် အသင်းရဲ့ပွဲစဉ် ၅ ပွဲလောက် လွဲချော်ဖို့ရှိပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ ဘန်လေအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းစတင်ကတည်းက လူစားလဲခဲ့ရတာပါ။

ဒဏ်ရာအခြေအနေအရ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ သေချာမသိနိုင်သေးပေမဲ့ လက်ရှိအခြေအနေအရ အသင်းရဲ့ပွဲစဉ် ၅ ပွဲလောက်အထိ လွဲချော်ဖို့ရှိနေတာပါ။

လီဗာပူးအသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်မှာ ချဲလ်ဆီးအသင်းနဲ့ EFL ဖလား ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး မန်စီးတီးနဲ့ ပွဲစဉ်လည်း ရှိနေတာပါ။

အာနိုးလ်အနေနဲ့ ဒူးဒဏ်ရာ မျှော်လင့်သလောက် တိုးတက်မလာဘူးဆိုရင် မတ်လ ၁၀ ရက်မှာ ကစားရမယ့် မန်စီးတီးနဲ့ပွဲစဉ်အပါအဝင် ဘရန့်ဖို့ဒ်၊ လူတန်၊ ချဲလ်ဆီး၊ ဆောက်သမ်တန် အသင်းတွေနဲ့ပွဲစဉ်တွေကို လွဲချော်နိုင်တယ်လို့သိရပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024