အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ် ဒမ်မက်ခ်မှာ နေသူတွေဟာ သူတို့ရဲ့မဲရုံတွေနဲ့ အိမ်တွေ ရေကြီးနေလို့ ဖေဖော်ဝါရီ ၁၄ ရက်မှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အသစ်တက်မယ့် သမ္မတအတွက် မဲမပေးနိုင်ခဲ့ပါဘူး။
ဖေဖော်ဝါရီ ၁၃ ရက်မှာ ရေကြီးနေတဲ့ ခရိုင်နဲ့ အနီးတဝိုက်ရွာတွေက မဲဆန္ဒရှင်ပေါင်း ၂၁,၀၀၀ ထက်မနည်း မဲပေးခွင့် ထိခိုက်ခဲ့တယ်လို့ ကာရန်ဂါညာခရိုင် မဲပေးရေးကော်မတီ အကြီးအကဲ အာမက်ဒ် ရီဖိုင်က ပြောပါတယ်။
အင်ဒိုနီးရှားဟာ အိန္ဒိယနဲ့ အမေရိကန်ပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပြီး သုံးနိုင်ငံစလုံး အခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်ဒိုနီးရှားကတော့ တရက်တည်းမှာ သီးခြားမဲပေးပွဲငါးခု ကျင်းပနေလို့ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အရှုပ်ထွေးဆုံးသော တရက်တည်း ကျင်းပတဲ့ ရွေးကောက်ပွဲအဖြစ် မကြာခဏ ဂုဏ်ပြုခံရပါတယ်။
ရွေးကောက်ပွဲတိုင်းမှာ လူဦးရေ သန်း ၂၀၀ ကျော်အထိ ဆန္ဒမဲပေးခွင့်ရှိနေတာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters