အလွန်ခက်ခဲတဲ့ရက်သတ္တပတ်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ဝန်ခံပြောကြားလိုက်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက ကစားသွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ လာဇီယိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဘွန်ဒက်စ်လီဂါမှာလည်း အဓိကပြိုင်ဘက် လီဗာကူဆင်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် နည်းပါးသွားခဲ့ရတာပါ။
အသင်းအတွက် ခက်ခဲတဲ့ ရက်သတ္တပတ်ဖြစ်သလို ခက်ခဲတဲ့ အခြေအနေ တခုကို ရောက်ရှိနေတာဖြစ်ပြီး ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ဖို့ အတူတကွ တိုက်ပွဲဝင်သွားကြဖို့ လိုကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။
နည်းပြသောမက်စ်တူချယ်အတွက်လည်း ဖိအားပိုများသွားခဲ့ရတာဖြစ်ပြီး လာဇီယိုနဲ့ ဒုတိယ အကျော့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
Photo-Reuters