အခုလ ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ သီတင်း ၂ ပတ်တာအတွင်း အကြမ်း ဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း ပြည်သူ ၃၆ ယောက် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ တိုက် ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက အယောက် ၂၀ နဲ့ အများဆုံး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁၉ ယောက်၊ စုစုပေါင်း ၂၆ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မန္တလေးတိုင်းမှာ ၈ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတာပါ။
မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၃ နှစ်ကျော်အကြာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန် ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီ ရေးလှုပ်ရှားသူတွေနဲ့ ပြည်သူအရေအတွက်ကတော့ ၄,၅၂၅ ယောက်ရှိခဲ့ပြီဖြစ်ကာ အေ အေပီပီအနေနဲ့ အတည်ပြုဖို့ လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၁၀၀၀ နီး ပါးစာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းကတော့ ၂၆,၀၉၃ ယောက် ရှိပြီး ၂၀,၁၀၅ ယောက်ကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီထဲက ၈,၇၇၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတာပါ။
ဒီကနေ့အထိ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီးတော့ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်း ထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၁ ယောက် ရှိပြီဖြစ်ကာ မျက် ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက် ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူအရေအတွက်ကတော့ ၅,၉၈၈ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကိန်းဂဏန်းအရေအတွက်တွေဟာ အေအေပီပီကနေ လက်လှမ်းမီသမျှ ကောက်ယူရရှိ ထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာတော့ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆို ပါတယ်။