အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးက သမ္မတ ရှိတ်ခ် မိုဟာမဒ် ဘင်ဇာဒ်အယ်လ်နယန်တို့ ဖေဖော်ဝါရီ ၁၃ ရက်က ယူအေအီးမြို့တော် အဘူဒါဘီမှာ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့တိုက်ကြီးများဖြတ်ကျော် ကုန်သွယ်ရေးစင်္ကြံအတွက် နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။
ဝန်ကြီးချုပ် မိုဒီက ပင်လယ်ကွေ့နိုင်ငံဆီ လာရောက်လည်ပတ်ချိန်အတွင်း ရရှိခဲ့တဲ့ မူဘောင်သဘောတူညီချက်ကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပေမဲ့ နှစ်ဖက်သဘောတူထားတဲ့ အချက်အလက် နည်းနည်းကိုသာ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ ကြေညာခဲ့တဲ့ ကုန်သွယ်ရေး စင်္ကြံဟာ အိန္ဒိယကနေ အာရေဗျပင်လယ်ကို ဖြတ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ အစ္စရေးကိုဖြတ်ပြီး ဥရောပထိ ချဲ့ထွင်ဆက်သွယ်ဖို့ ရည်ရွယ်ထားပါတယ်။
ဒါပေမဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ရာစုနှစ်တခုကျော် ကုန်သွယ်ရေးချိတ်ဆက်မှုပေါ်မှာ တည်ဆောက်ထားတဲ့ ဒေသတွင်း အာရပ်ပါဝါဖြစ်တဲ့ ယူအေအီးနဲ့ အိန္ဒိယကလွဲလို့ ဘယ်နိုင်ငံကိုမှ ဖော်ပြမထားခဲ့ပါဘူး။
Source/Photo-Mohamed Al Hammadi/UAE Presidential Court/Handout via REUTERS