အိန္ဒိယနိုင်ငံက ပန်ဂျပ်နဲ့ ဟာယာနာပြည်နယ် နယ်စပ်မှာ ဆန္ဒပြသူတွေကို ဖေဖော်ဝါရီ ၁၃ ရက်မှာ အိန္ဒိယရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။
အစိုးရက ၂၀၂၁ ခုနှစ်မှာ ပေးခဲ့တဲ့ကတိအတိုင်း ကောက်ပဲသီးနှံတွေကို ငွေပိုပေးဝယ်မယ့် ကတိတည်ဖို့ အစိုးရကို ဆော်ဩရင်း ဆန္ဒပြသူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
အမျိုးသားတဦးက သွေးထွက်နေတဲ့ခြေထောက်ကို ယာယီသွေးတိတ်ဖို့ ပတ်တီးနဲ့ ပတ်ထားပါတယ်။
ဆန္ဒပြသူတချို့က မျက်ရည်ယိုဓာတ်ငွေ့တိမ်တွေကို စိုစွတ်တဲ့ပစ္စည်းတွေနဲ့ စုပ်ထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဟာယာနာပြည်နယ် အမ်ဘာလာမြို့က ဆေးရုံတခုမှာ ဆေးကုသခံဖို့ ပတ်တီးစည်းထားတဲ့ ရဲတယောက် လူနာတင်ထမ်းစင်နဲ့ ရောက်လာတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။
ရာချီတဲ့ လယ်သမားတွေနဲ့ သူတို့ကို ထောက်ခံသူတွေဟာ ပန်ဂျပ်နဲ့ ဟာယာနာပြည်နယ် မြောက်ပိုင်းက ပေါင်မုန့်ခြင်းလို့ တင်စားတဲ့ ဂျုံစိုက်ခင်းတွေရှိရာ နေရာအများအပြားမှာ လယ်ထွန်စက်ကြီးတွေနဲ့ ကုန်းကြောင်းချီတက်ရင်း စည်းရုံးခဲ့ကြပါတယ်။
လယ်သမားသမဂ္ဂတွေဟာ အစိုးရရဲ့ ပံ့ပိုးကူညီမှု ဒါမှမဟုတ် သီးနှံတွေကို အနိမ့်ဆုံးစျေးနှုန်းနဲ့ ဝယ်ယူမှုတို့အတွက် ဥပဒေအရ ကျောထောက်နောက်ခံပြုထားတဲ့ အာမခံချက်တွေကိုရဖို့ ကြိုးစားနေကြတာပါ။
သူတို့ရဲ့ဝင်ငွေကို နှစ်ဆတိုးပေးမယ်ဆိုတဲ့ ကတိကို အစိုးရက လေးစားစေချင်နေကြပါတယ်။
Source/Photo-REUTERS/Rohit Lohia