အာဂျင်တီးနား အိုလံပစ်အသင်းမှာ မက်ဆီနဲ့ ဒီမာရီယာတို့ကို ထည့်သွင်းကစားဖို့ စီစဉ်နေပါတယ်။
အာဂျင်တီးနား ယူ-၂၃ အသင်းဟာ တောင်အမေရိကဇုန် အိုလံပစ်ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ ဘရာဇီးအသင်းကို ကျော်ဖြတ်ပြီး အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၁၀ ရက်အထိ ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။
ဘောလုံးပြိုင်ပွဲမှာ အသက် ၂၃ နှစ်အောက် သတ်မှတ်ထားပေမဲ့ အသက်ကျော် ကစားသမား ၃ ဦးအထိ ခေါ်ယူခွင့် ရှိနေတာပါ။
အာဂျင်တီးနား ယူ-၂၃ အသင်း နည်းပြဖြစ်သူ မာရှေယာနိုကတော့ မက်ဆီ၊ ဒီမာရီယာတို့နဲ့ ဆက်ဆံရေး အလွန်ကောင်းမွန်သူဖြစ်ပြီး ဝါရင့်ကစားသမား ၂ ဦးကို ခေါ်ယူဖို့ ဖြစ်နိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။
အိုလံပစ်အသင်းအတွက် ကစားသမားတိုင်းကို လမ်းဖွင့်ထားပြီး သူတို့ရဲ့ စိတ်ဆန္ဒအပေါ်မှာသာ မူတည်ကြောင်း နည်းပြ မာရှေယာနိုက ပြောသွားပါတယ်။
Photo-Reuters