အီဂျစ်အသင်းနဲ့ အာဖရိကဖလားပွဲကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
မိုဆာလာဟာ တံကောက်ကြော ကြွက်သားဒဏ်ရာကြောင့် ဇန်နဝါရီ ၁၉ ရက်ကတည်းက အနားယူခဲ့ရတာဖြစ်ပြီး ၃ ပတ်ကျော် ကာလအတွင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့တာပါ။
လီဗာပူးအသင်းနဲ့အတူ အသင်းလိုက်လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပြီဖြစ်လို့ အခုတပတ်မှာကစားမယ့် ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ပြန်ကစားနိုင်ဖို့ ရှိပါတယ်။
လီဗာပူးအသင်းဟာ မန်စီးတီးထက် တပွဲပိုကစားကာ ၂ မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဆာလာ ပြန်လည်ပါဝင်လာမှာက ချန်ပီယံပြေးလမ်းအတွက် အားတခု ဖြစ်စေခဲ့ပါတယ်။
Photo-Reuters