ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီကြောင့် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
Independent သတင်းစာရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ ပြင်သစ်နဲ့ အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး သီယာရီအွန်နရီရဲ့ ခြေရာကို အမီလိုက်နိုင်ဖို့အတွက် အွန်နရီလိုပဲ အာဆင်နယ်မှာ ကစားချင်တဲ့ ဆန္ဒရှိကြောင်း ဆိုပါတယ်။
အွန်နရီဟာ အာဆင်နယ်သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၂၂၈ ဂိုးနဲ့ စံချိန်တင်ထားတာပါ။
ဒါပေမဲ့ အာဆင်နယ်အသင်းဘက်ကတော့ အမ်ဘာပေကို ခေါ်ယူနိုင်လောက်တဲ့ ဘဏ္ဍာရေး သုံးစွဲလိုခြင်း မရှိတာကြောင့် အမှန်တကယ် အပြောင်းအရွှေ့ဖြစ်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ Independent သတင်းစာက ဖော်ပြပါတယ်။
အမ်ဘာပေဟာ အခုနှစ်ရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမူ ရရှိထားတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Photo-Reuters