Home
နိုင်ငံတကာ
ကွန်ဂိုတွင် အမေရိကန်အလံ မီးရှို့ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး ပစ်ခတ် လူစုခွဲ
DVB
·
February 13, 2024
Congo Protesers_13022024

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော် ကင်ရှာဆာက အနောက်နိုင်ငံတွေရဲ့ သံရုံးတွေနဲ့ ကုလသမဂ္ဂရုံးတွေနားမှာ တာယာတွေ၊ အမေရိကန်နဲ့ ဘယ်လ်ဂျီယံအလံတွေကို မီးရှို့ခဲ့တဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။ 

တွစ်စီလူမျိုးတွေ ဦးဆောင်တဲ့ M23 ပုန်ကန်မှုကို ကျောထောက်နောက်ခံပြုတယ်လို့ စွပ်စွဲထားတဲ့ အိမ်နီးချင်း ရဝမ်ဒါကို အနောက်နိုင်ငံတွေက ထောက်ပံ့နေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။

ဒီအဖွဲ့ရဲ့ မကြာသေးမီက တိုးတက်မှုတွေဟာ ပဋိပက္ခဒဏ်ခံနေရတဲ့ ကွန်ဂိုအရှေ့ပိုင်းဒေသက မဟာဗျူဟာမြောက် ဂိုမာမြို့ကို ခြိမ်းခြောက်နေပါတယ်။

ရဝမ်ဒါနိုင်ငံက စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ကွန်ဂို၊ အမေရိကန်နဲ့ ဘယ်လ်ဂျီယံအပါအဝင် အနောက်နိုင်ငံ အစိုးရတွေနဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့ရဲ့ အစီရင်ခံစာတွေက သူပုန်အဖွဲ့ဟာ ရဝမ်ဒါရဲ့ ထောက်ပံ့မှုကနေ အကျိုးကျေးဇူးတွေ ရထားတယ်လို့ ဖော်ပြထားပါတယ်။ 

ထောက်ခံအားပေးမှုနဲ့ ပတ်သက်တဲ့ ဒီစွပ်စွဲချက်တွေကြောင့် တင်းမာမှုများ တိုးမြင့်လာလို့ ကမ္ဘာ့ထိပ်တန်း ကိုဘော့ထုတ်လုပ်သူနှင့် အာဖရိကရဲ့ ထိပ်တန်းကြေးနီ ထုတ်လုပ်သူ ရဝမ်ဒါနှင့် ကွန်ဂိုတို့ကြား တင်းမာမှုတွေ  မြင့်တက်လာခဲ့ပါတယ်။ 

ကွန်ဂိုအရှေ့ပိုင်းမှာ ဆယ်စုနှစ်ချီ ပဋိပက္ခတွေအတွင်း အရပ်သားတွေကို ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေနဲ့အတူ ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့တွေ ပါတဲ့ မြေယာနှင့် သယံဇာတတွေအပေါ် တိုက်ပွဲတွေလည်း ပါနေပါတယ်။ ပဋိပက္ခတွေအတွင်း လူထောင်ချီ သေဆုံးပြီး ၇ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ 

Source/Photo - REUTERS/Justin Makangara

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013