မြောက်ကိုရီးယားဟာ ဒုံးကျည်အများကြီးကို ပစ်လွှတ်နိုင်တဲ့ ဒုံးပစ်လောင်ချာအတွက် ပဲ့ထိန်း ထိန်းချုပ်ရေးစနစ်သစ်ကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်လွှင့်ပါတယ်။
နိုင်ငံရဲ့ ဒုံးကျည်စနစ် ဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြပ်တဲ့ ကာကွယ်ရေးသိပ္ပံ အကယ်ဒမီဟာ ၂၄၀ မီလီမီတာ အချင်းရှိတဲ့ အတွဲလိုက် ဒုံးပစ်လောင်ချာရဲ့ ဗျူဟာမြောက်တန်ဖိုးကို ပြန်သုံးသပ်မှာဖြစ်ပြီး နည်းပညာ အမြန်တိုးတက်မှုကြောင့် စစ်မြေပြင်တွေမှာ သူ့ရဲ့ အခန်းကဏ္ဍကို တိုးမြှင့်မယ်လို့ KCNA က ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားက ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်တာ၊ မြောက်ကိုရီးယားနဲ့ ရုရှားအစိုးရတို့ကြား ဆက်ဆံရေး တိုးမြင့်လာတာတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ဝေဖန်ပြစ်တင်ခဲ့ကြပြီး အဲဒီအချိန်မှာမှ တနင်္ဂနွေနေ့က ဒီသတင်းထွက်ပေါ်လာတာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အကြီးစား စစ်ရေးလေ့ကျင့်တာတွေနဲ့အတူ တင်းမာမှုတွေ တိုးလာအောင် လုပ်နေတယ်လို့လည်း မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။
Source/Photo-Reuters