Home
မြန်မာသတင်း
စစ်သင်္ဘော ၂  စီး၊ ဇက်ရေယာဉ် ၁ စီးတို့ကို အေအေက တိုက်ခိုက်
DVB
·
February 12, 2024
AA 2_12022024
AA 1_12022024
AA 3_12022024
AA 4_12022024
AA 5_12022024
AA 6_12022024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးမှာ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေက တိုက်ပွဲတွေအတွင်း   စစ်ကောင်စီရဲ့ စစ်သင်္ဘော ၂ စီး၊ ဇက်ရေယာဉ် ၁ စီးတို့ကို  တိုက်ခိုက်ခဲ့ပြီး ၃ စီးလုံး နစ်မြုပ်သွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ဓာတ်ပုံတွေနဲ့တကွ ဖေဖေါ်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေထဲမြုပ်သွားတဲ့ သင်္ဘောတွေကို  ကယ်တင်ဖို့ လာရောက်တဲ့ စစ်ကောင်စီရဲ့  စစ်သင်္ဘော ၄ စီးကိုလည်း အနား မကပ်နိုင်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အေအေက ဆိုပါတယ်။

ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က  လေကြောင်းကနေ ရဟတ်ယာဉ်၊ Drop ဗုံးတွေနဲ့ မရပ်မနား တောက်လျှောက်တိုက်ခိုက်နေတဲ့ ကြားကနေ  စစ်သင်္ဘောတွေကို အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သင်္ဘောတွေ နစ်မြုပ်ကာနီးမှာ လက်နက်ချ အညံ့ခံဖို့ အလံဖြုထောင်ဖို့ ၃ ကြိမ်တိုင် ပြောခဲ့ပေမဲ့ တန်ပြန်ခုခံ တိုက်ခိုက်နေတဲ့အပြင် လေကြောင်းကနေ  Drop ဗုံးတွေနဲ့ အပြင်းအထန် ခုခံကာကွယ်နေတာကြောင့် သင်္ဘော ၃ စီးပေါ်မှာ  လိုက်ပါလာသောသူတွေ အသက်ချမ်းသာရာရရှိမယ့် နောက်ဆုံး အခွင့်အရေး ထပ်ပေးတဲ့အချိန်မှာလည်း   Drop ဗုံးတွေနဲ့ စုပြုံပစ်ခတ် လာရောက်တိုက်ခိုက်နေခဲ့တယ်လို့ အေအေကဘက် ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ အေအေဘက်က တပ်ဖွဲ့ဝင် ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူတချို့လည်း ရှိခဲ့ကာ အသက်မသေဘဲ ရေကူး လွတ်မြောက်လာသူတွေကို ကယ်တင်ထားနိုင်ခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နစ်မြုပ်သွားတဲ့  စစ်သင်္ဘော ၃ စင်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘယ်လောက် သေဆုံးသွားသလဲဆိုတာကိုတော့ အေအေဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။ 

Photo-AA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024