ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ လက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်း အိုလက်စန်ဒါ ပါဗလီယက်ခ်ကို ယူကရိန်းမြေပြင်တပ်ဖွဲ့တွေရဲ့ တပ်မှူးအသစ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က အမိန့်တရပ် ထုတ်ပြန် ခန့်အပ်လိုက်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ပါဗလီယက်ခ်ဟာ အခုသီတင်းပတ်အတွင်း ယူကရိန်းစစ်တပ်ရဲ့ တပ်မှူးအဖြစ် ခန့်အပ်ခံရပြီးနောက် ဒုဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆဲလ်စကိုင်းယက်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံရတာပါ။
ဖေဖော်ဝါရီ ၁၀ ရက်မှာ ဇလန်းစကီးဟာ ရုရှားရဲ့ နှစ်နှစ်နီးပါး ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်ရေး ယူကရိန်းကာကွယ်ရေးကို အားကောင်းစေဖို့ အဖွဲ့ကို အားဖြည့်တဲ့အနေနဲ့ တခြားအကြီးတန်း စစ်ဘက်ဆိုင်ရာ ရာထူးခန့်အပ်မှု ငါးခုကို ကြေညာခဲ့ပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့နှစ်တလျှောက်လုံး စစ်မြေပြင် နည်းနည်းသာ အနိုင်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကို ရောက်ချိန်မှာ လူနဲ့စက်ကိရိယာတွေ အင်အားပြတ်လပ်တာကို ကြုံနေရပါတယ်။
ယူကရိန်းရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံဖြစ်တဲ့ အမေရိကန်ဆီက စစ်ရေးအကူအညီတွေဟာလည်း အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
Source/Photo-REUTERS/Valentyn Ogirenko