အီရန်နိုင်ငံမှာ ကျင်းပနေတဲ့ အစ္စလာမ္မစ် တော်လှန်ရေး ၄၅ နှစ်မြောက် အထိမ်းအမှတ်ပွဲမှာ လူထောင်ပေါင်းများစွာ ပါဝင်ချီတက်ရင်း “အစ္စရေးတွေ သေပါစေ”လို့ ကြွေးကြော်ကာ အမေရိကန်အလံနဲ့ အစ္စရေးအလံ တချို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။
အီရန်အစိုးရရဲ့ ရန်သူအမေရိကန်နဲ့ အနောက်နိုင်ငံတချို့က ဂါဇာမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကို ကျူးလွန်တဲ့ ဇီယွန်ဝါဒီ အစိုးရ (အစ္စရေး) ကို ကျောထောက်နောက်ခံ ပြုနေတယ်လို့ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီက ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ စွပ်စွဲခဲ့ပါတယ်။
ဂါဇာကမ်းမြောင်က ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အပေါ် အစ္စရေးရဲ့ လေးလကြာ စစ်ပွဲအတွင်း အီရန် ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့တွေက အစ္စရေးနဲ့ အမေရိကန် ပစ်မှတ်တွေကို ပိုတိုးပြီး တိုက်ခိုက်မှုလာနေပါတယ်။
ပဋိပက္ခတွေဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ပျံ့နှံ့လာခဲ့တာပါ။ အမေရိကန် ကျောထောက် နောက်ခံပြု ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေးနောက်ပိုင်းမှာ ပါလက်စတိုင်းကို ကျောထောက်နောက်ခံ ပေးတာဟာ အစ္စလမ်မစ်သမ္မတနိုင်ငံ အီရန်ရဲ့ ဒေါက်တိုင် ဖြစ်လာပါတယ်။
ဒါဟာ ရှီးယိုက်မွတ်စလင်ကြီးစိုးတဲ့ အီရန်က မွတ်ဆလင် ကမ္ဘာရဲ့ ခေါင်းဆောင်တယောက် အဖြစ် အသွင်ပြောင်းဖို့ နည်းလမ်းတစ်ခုလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ပါလက်စတိုင်းက ဟားမတ်စ်တွေ၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာ၊ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်၊ အီရတ်မှာရှိတဲ့ ရှီးယိုက် ပြည်သူ့စစ်အဖွဲ့တွေ၊ ယီမင်ရဲ့ အစိတ်အပိုင်းအ များအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ အီရန်ရဲ့ ဒေသတွင်းမဟာမိတ်အဖွဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
Source/Photo-Reuters