ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အရှိန်အဟုန်ကောင်းတခု စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ဝက်စ်ဟမ်းကို ဂိုးပြတ်နိုင်ပြီးနောက်မှာ ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ၆ ဂိုး ဂိုးမရှိနဲ့ စံချိန်တင် ဂိုးပြတ်နိုင်ပွဲ ရခဲ့ပြီးနောက် ထိပ်ဆုံးက လီဗာပူးနဲ့ ၂ မှတ်အကွာ၊ ဒုတိယနေရာက မန်စီးတီးနဲ့ ရမှတ်တူ အခြေအနေနဲ့ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ ကောင်းမွန်နေတဲ့ အရှိန်အဟုန်ကို စတင်တည်ဆောက်နေပြီး ပြိုင်ဘက်အသင်းတွေကလည်း နိုင်ပွဲကိုယ်စီ ရရှိနေတာကြောင့် ရလဒ်ကောင်းမွန်မှုကို ဆက်လက်ထိန်းထားဖို့ လိုအပ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဇန်နဝါရီလ နှောင်းပိုင်းကနေစတင်ပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲပြန်ရခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters