မကြာသေးမီက အမေရိကန်ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေကြောင့် ကျဆုံးခဲ့တဲ့ တိုက်ခိုက်ရေးသမား ၁၈ ဦးအတွက် ယီမင်မြို့တော် စာနာမြို့မှာ ဖေဖော်ဝါရီ ၁၀ ရက်က စစ်ဈာပန အခမ်းအနား ကျင်းပခဲ့ပါတယ်။
မြို့တော်ရဲ့ အကြီးဆုံးဗလီဖြစ်တဲ့ အယ်လ် ဆာလာ ဗလီလို့ အရင်က လူသိများတဲ့ အယ်လ်ရှားဘ် ဗလီမှာ ဈာပနပွဲကျင်းပခဲ့တာဖြစ်ပြီး ရာချီတဲ့ ထောက်ခံသူတွေ စစ်ဘက်အရာရှိတွေနဲ့ ဆွေမျိုးတွေ တက်ရောက်ခဲ့ပါတယ်။
ဂုဏ်ပြုတပ်ဖွဲ့တွေဟာ သေဆုံးသူတိုက်ခိုက်ရေးသမားတွေရဲ့ ရုပ်ပုံတွေ တပ်ဆင်ထားတဲ့ အစိမ်းရောင် သစ်သား ခေါင်းတလားတွေကို သယ်ဆောင်ခဲ့ကြပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်နိုင်ငံထဲက ဟူသီပစ်မှတ်တွေကို မကြာသေးမီက စတင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ သတ်မှတ်ချက်အစား အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်မှတ်ချက် စာရင်းထဲကို ပြန်ထည့်ခဲ့ပါတယ်။
ပင်လယ်နီအတွင်းနဲ့ ပင်လယ်နီအနီးတဝိုက်က ဟူသီတွေက သင်္ဘောတွေကို တိုက်ခိုက်မှုနေလို့ အာရှနှင့် ဥရောပအကြား ကုန်သွယ်မှု နှေးကွေးလာခဲ့တာပါ။ ထောက်ပံ့ရေး အပိတ်အဆို့တွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာလို့ ဂါဇာစစ်ပွဲကနေ ဒေသတွင်း ပဋိပက္ခအဖြစ် ကျယ်ပြန့်ကူးစက်လာမှာကို အဓိကအင်အားကြီးနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။
Source/Photo-Reuters