Home
အားကစား
မက်ဆီကို ဆန့်ကျင်သည့်အနေဖြင့် တရုတ်တွင် ကစားမည့် အာဂျင်တီးနားပွဲစဉ် ဖျက်သိမ်း
DVB
·
February 11, 2024
Chinese cancel Argentina_11022024

တရုတ်ဘောလုံးအာဏာပိုင်တွေဟာ မက်ဆီကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံမှာကစားမယ့် အာဂျင်တီးနားအသင်းရဲ့ ပွဲစဉ် ၂ ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

မက်ဆီဟာ ဟောင်ကောင်အောစတားအသင်းနဲ့ အာရှခရီးစဉ် ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်း မရှိတာကြောင့် ပရိသတ်တွေက အားရကျေနပ်မှု မရှိခဲ့သလို အင်တာမိုင်ယာမီအသင်းကိုလည်း လက်မှတ်ခပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

အာဂျင်တီးနားအသင်းဟာ လာမယ့်မတ်လအတွင်းမှာ နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်အသင်းတွေနဲ့ တရုတ်နိုင်ငံ ဟန်ကျိုးမြို့နဲ့ ဘေဂျင်းမြို့တွေမှာ ခြေစမ်းပွဲနှစ်ပွဲကစားဖို့ စီစဉ်ထားတာပါ။

လီယွန်နယ်မက်ဆီပါဝင်မယ့် ခြေစမ်းပွဲ နှစ်ပွဲကို စီစဉ်ကျင်းပေးဖို့ ပြင်ဆင်ထားခြင်းမရှိကြောင်း ဘေဂျင်းဘောလုံးအဖွဲ့ချုပ်ဘက်က ဆိုပါတယ်။

ဟန်ကျိုးဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ ပွဲစဉ်တွေဖျက်သိမ်းခဲ့တဲ့အကြောင်းပြချက်က အားလုံး သိကြတဲ့အတိုင်း အခြေအနေတွေက ပြိုင်ပွဲလက်ခံကျင်းပဖို့ အဆင်ပြေလို့ဖြစ်ကြောင်း ဆိုပါတယ်။

Photo-Reuters/Naoki Nishimura-USA TODAY Sports

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024