Home
မြန်မာသတင်း
ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် တပ်နယ်ကို စစ်အင်အား အများအပြားဖြည့်
DVB
·
February 10, 2024
mil-3-1022024
mil-2-1022024
mil-1-1022024
mil 1022024

ပြင်ဦးလွင်တပ်နယ်နဲ့စစ်တက္ကသိုလ်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်က စစ်အင်အား အများအပြား ဖြည့်ဆည်းခဲ့တယ်လို့ တပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ တပ်မဌာနချုပ်က ခြေလျင်၊ ခြေမြန် တပ်ရင်းတွေ လာရောက်ပူးပေါင်းတာဖြစ်တယ်လို့ တပ်နယ်နဲ့နီးစပ်သူတယောက်က  ဒီဗွီဘီကို ပြောပါတယ်။

“တပ်မ ၈၈၊ တပ်မ ၉၉၊ အဲလက်အောက်မှာရှိတဲ့ တပ်ရင်းတွေက အင်အားဖြည့်တာ။ အရန်အင်အားတွေလည်းပါတယ်။ လပခတိုင်းအတွက် ကြိုပြင်ထားတဲ့သဘော” လို့ပြောပါတယ်။

အင်အားဖြည့်ရောက်ရှိလာတဲ့ အရာရှိစစ်သည်တွေနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ သင်တန်းတက်နေတဲ့ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က ပြည်သူ့စစ်တွေကို ပူးပေါင်းပြီး စစ်ကြောင်းအသစ် ပြန်လည်ဖွဲ့စည်းမယ့် သတင်းတွေလည်း ကြားနေရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနှစ်ထဲ တိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်တွေသင်တန်းပေးတာ ၂ ကြိမ်ရှိပြီ။ ဒီနေ့ သင်တန်းဆင်း စစ်ကြောင်းလည်း ရောက်လာတယ်ဆိုတော့ ပူးပေါင်းအဖွဲ့တွေ ဖွဲ့မယ်ထင်တယ်” လို့ ပြောပါတယ်။

ပြင်ဦးလွင်တပ်နယ်နဲ့ စစ်တက္ကသိုလ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချိန်မရွေး တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အတွက် အခုလို စစ်အင်အားဖြည့်တင်းရတာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ရဟတ်ယာဉ်နဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်ကို လက်နက်ခဲယမ်းတွေ ပေးပို့ခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024