“ဘိုင်ဒန်ကို တရားမစွဲရင်၊ သူ့ကိုလည်း တရားမစွဲသင့်ဘူး” လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်က ဖေဖော်ဝါရီလ ၉ ရက် သောကြာနေ့က ပန်ဆလ်ဗေးနီးယားပြည်နယ် ဟားရစ်စ်ဘာ့ဂ်မြို့မှာ ပြုလုပ်တဲ့ အမျိုးသား ရိုင်ဖယ်အသင်း အစည်းအဝေးမှာ သူ့ထောက်ခံသူတွေကို ပြောကြားလိုက်ပါတယ်။
လျှို့ဝှက် အစိုးရ စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတဲ့ သမ္မတဂျိုးဘိုင်ဒင်လိုပဲ အတူတူ ဆက်ဆံခံရသင့်ပြီး သူ့ကို ဘိုင်ဒန်ရဲ့ နိုင်ငံရေးပြိုင်ဘက်ကို ရွေးချယ် နှိပ်ကွပ်တာထက် ဘာမှမပိုပါဘူး လို့လည်း ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ တခါမှ မဖြစ်ခဲ့ဖူးတဲ့ အစိုးရ၊ DOJ နဲ့ FBI တို့ကို လက်နက်လို အသုံးပြုခဲ့တဲ့ သူ့လုပ်ရပ်မျိုး တခါမှ မကြုံဖူးဘူး လို့လည်း ဆိုပါတယ်။
ဒါမျိုးက တတိယကမ္ဘာ့နိုင်ငံတွေမှာသာ ဖြစ်ပွားတာမျိုးလို့လည်း ထရမ့်ပ်က ပြောပါတယ်။
လူတိုင်းက သူနဲ့ပတ်သက်ပြီး ချဲ့ကားနေတာလို့ ပြောကြပေမယ့် အခုတော့ ထရမ့်ပ် အားလုံးမှန်တယ်လို့ ပြောလာကြပြီလို့လည်း ဆိုပါတယ်။
ဂျိုးဘိုင်ဒန်နဲ့ ပတ်သက်ပြီးတော့ ဂျိုးဘိုင်ဒန်ဟာ ဒီနိုင်ငံရဲ့ သမိုင်းမှာ အညံ့ဖျင်းဆုံး၊ အရည်အချင်း မပြည့်မီဆုံးနဲ့ အဂတိလိုက်စားဆုံး သမ္မတဆိုပြီး ပြောကြတော့ မှန်ပါတယ်လို့ ထရမ့်ပ်က ပြောသွားတာပါ။
အမေရိကကို ပြန်ပြီး ခိုင်မာအောင် လုပ်မယ်။ အမေရိကကို ဂုဏ်ယူရအောင်၊ ပြန်ပြီး လုံခြုံအောင်နဲ့ ပြန်ကောင်းမွန်အောင် လုပ်မယ် ဆိုပြီး ပန်ဆလ်ဗေးနီးယားက ထောက်ခံသူတွေကို ထရမ့်ပ်က ပြောပါတယ်။
မေရီလန်းရှိ အမေရိကန်ရှေ့နေဟောင်း အထူးအကြံပေး ရောဘတ်ဟားရ် ရဲ့ အစီရင်ခံစာကြောင့် ရွေးကောက်ပွဲ နှစ်မှာ ရန်ဖြစ်မှုတွေနဲ့ ဘိုင်ဒင်ရဲ့ အသက်ကြီးလာမှုတို့ကို မေးခွန်း အများအပြား ထုတ်လာကြတာပါ။
အခုသီတင်းပတ်မှာ အသက် ၈၁ နှစ်ရှိ ဘိုင်ဒင်ဟာ ကမ္ဘာ့ခေါင်းဆောင်များစွာရဲ့ နာမည်တွေကို ရောထွေးပြောဆိုမှုတွေကြောင့် ဝေဖန်ချက်တွေ ထွက်နေတာ ဖြစ်ပါတယ်။
Source/Photo - Reuters