မန်ယူနိုက်တက်အသင်းကို ဆုဖလားတွေရယူနိုင်တဲ့အသင်းပြန်ဖြစ်လာဖို့ ကစားသမားဟောင်း မာချီဒါက မျှော်လင့်နေပါတယ်။
အီတလီတိုက်စစ်မှူး မာချီဒါဟာ လူငယ်ကစားသမားဘဝမှာတုန်းက မန်ယူအသင်းကို ပရီးမီးယား လိဂ်ချန်ပီ ယံဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သူပါ။
လက်ရှိအချိန်မှာ တူရကီကလပ် အန်ကာရာဂူဆီ အသင်းမှာကစားနေတဲ့ မာချီဒါဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း မန်ယူ အသင်းမှာ ပွဲပေါင်း ၃၆ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်းပေးခဲ့သူပါ။
မန်ယူအသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ ဗီလာနဲ့ ပွဲစဉ်မှာ နောက်ဆုံးမိနစ် အနိုင်ဂိုးသွင်းခဲ့ပြီး အသင်းကို ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့တာပါ။
အဲဒီပွဲစဉ်တုန်းက အနိုင်ဂိုးသွင်းတာကို အသက် ၇ နှစ်အရွယ်ရှိ သားဖြစ်သူက အလွန်အံ့အားသင့်ပြီး ဂုဏ်ယူစရာ ဖြစ်စေခဲ့တယ်လို့ မာချီဒါက ပြောပါတယ်။
မန်ယူအသင်းကို ချန်ပီယံဆုဖလားရယူနိုင်တဲ့အသင်းဖြစ်လာဖို့ မျှော်လင့်ပြီး အခုတပတ်မှာ တွေ့ဆုံမယ့် ဗီလာနဲ့ပွဲစဉ်က ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့အတွက် အရေးပါကြောင်း မာချီဒါက ပြောသွားပါတယ်။
မာချီဒါဟာ လက်ရှိအချိန်မှာ အသက် ၃၂ နှစ်ရှိနေပြီ ဖြစ်ပြီး ဆမ်ဒိုးရီးယား၊ ကျူပီအာ၊ စတုဂတ်၊ ကာဒစ်စီးတီး၊ နော်တင်ဟမ်ဖောရက်စ် အစရှိတဲ့ အသင်းတွေမှာလည်း ပြောင်းရွှေ့ကစားခဲ့ဖူး ပါတယ်။
Photo-Reuters