ပရီးမီးယားလိဂ်ကစားသမား ၂ ရာခိုင်နှုန်းကသာ ချစ်သူ၊ ဇနီးမယားတွေအပေါ်မှာ သစ္စာရှိကြောင်း အီတလီမော်ဒယ် တယောက်က ပြောကြားလိုက်ပါတယ်။
ပါအိုလာဆော်လီနိုလို့ အမည်ရတဲ့ အီတလီမော်ဒယ်ဟာ ပရီးမီးယားလိဂ်က ကစားသမား ၃ ဦးနဲ့ အတူအိပ်ခဲ့ဖူးကြောင်း ဝန်ခံထားသူပါ။
မန်စီးတီးနောက်ခံလူ ကိုင်ဝေါ်ကာနဲ့ လက်တွဲခဲ့ဖူးပြီး ဇနီးဟောင်းဖြစ်သူနဲ့ အရှုပ်တွေရှိတာကြောင့် လမ်းခွဲခဲ့တာပါ။
ဒါပေမဲ့ ဝေါ်ကာရဲ့ လုပ်ရပ်အပေါ် အီတလီမော်ဒယ်ဆော်လီနိုက အကောင်းမြင်ခဲ့ပြီး ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ သစ္စာမဲ့မှုဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်တော့ကြောင်း ပြောပါတယ်။
ဘောလုံးသမားတွေဟာ နေ့စဉ်နေ့တိုင်းမှာ မတူညီတဲ့ အမျိုးသမီးတွေနဲ့ အိပ်စက်နိုင်တဲ့ အခွင့်အရေးရှိနေပြီး သူတို့ကို ယုံကြည်ဖို့တော့ ခက်ခဲကြောင်း အီတလီမော်လ်ဒယ် ပါအိုလာ ဆော်လီနိုကပြောသွားပါတယ်။
သူဟာ ဆိုရှယ်မီဒီယာတွေကနေ နေ့စဉ်နေ့တိုင်း ဘောလုံးသမားတွေရဲ့ ဆက်သွယ်ကမ်း လှမ်းမှုတွေ ရရှိနေတယ်လို့လည်း ပြောသွားပါတယ်။
Photo-Reuters