ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ဟာ တချိန်တုန်းက ဒက်ကလန်ရိုက်စ်နဲ့ အဆင့်အတန်းတူညီတဲ့ ကစားသမားဖြစ်ခဲ့ကြောင်း ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ပြောသွားပါတယ်။
အင်္ဂလန်ကွင်း လယ်လူ ဖိလစ်ဟာ မန်စီးတီးအသင်းဆီပြောင်းရွှေ့ပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်မရခဲ့တာနဲ့အတူ ခြေစွမ်းကျဆင်း သွားခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ ဝက်စ်ဟမ်းအသင်းဆီမှာ အငှားစာချုပ်နဲ့ ကစားနေပြီး နည်းပြမိုယက်စ်က အရင်ကလို ခြေစွမ်းပြရဖို့ မျှော်လင့်နေတာပါ။
ကယ်ဗင်ဖိလစ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဒက်ကလန်ရိုက်နဲ့ ခြေစွမ်းအဆင့်အတန်းတူညီတဲ့ ကစားသမားဖြစ်ပြီး အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ကြောင်း မိုယက်စ်ကပြောပါတယ်။
ဖိလစ်အနေနဲ့ အရင်ကလိုခြေစွမ်းပြရဖို့ ငယ်ရွယ်သေးတဲ့အသက်အရွယ်မှာပဲရှိသေးသလို အရင်ကလိုခြေစွမ်းပြရဖို့ သက်သေပြသနိုင်ဖို့ လိုအပ်ကြောင်း နည်းပြ မိုယက်စ်က ပြောသွားပါတယ်။
Photo-Reuters