အိုက်စလန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖေဖော်ဝါရီ ၈ ရက်က မီးတောင်တလုံး ဒီနှစ်အတွင်း ဒုတိယအကြိမ် ပေါက်ကွဲခဲ့တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်ကစပြီး ခုထိ ရေးကျားနက်စ်ကျွန်းဆွယ်မှာ ခြောက်ကြိမ်မြောက် မီးတောင်ပေါက်တာဖြစ်ပြီး အဲဒီဧရိယာထဲက ဓာတ်ပုံတွေထဲမှာ လိမ္မော်ရောင် တောက်တောက် ကျောက်ရည်ပူတွေ မြေပြင်ကနေ ပန်းထွက်လာနေတာကို တွေ့ရပါတယ်။
အရင်တခါမီးတောင်ပေါက်ကွဲမှုက ဇန်နဝါရီ ၁၄ ရက်မှာ စပြီး အကြမ်းဖျင်းအားဖြင့် နှစ်ရက်ကြာခဲ့တာပါ။
ဂရင်ဒါဗစ်ခ် ငါးဖမ်းမြို့ရဲ့ မြို့စွန်အထိ ရောက်အောင် ချော်ရည်တွေစီးကျလာလို့ လူပေါင်း ၄၀၀၀ နီးပါးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။
စီလင်ဂါဖဲလ်တောင်ကတော့ မြို့ရဲ့ မြောက်ဘက်မှာ ရှိပေမယ့် ကြာသပတေးနေ့ မီးတောင်ပေါက်ကွဲမှုဟာ ရွာကိုထိခိုက်နိုင်မလားဆိုတာ ချက်ချင်းမသိရသေးပါဘူး။
အိုက်စလန်ကျွန်းနိုင်ငံမှာ လှုပ်ရှားနေဆဲ မီးတောင်ရှင် အလုံး ၃၀ ကျော်ရှိပြီး မီးတောင်ခရီးသွားလုပ်ငန်းအတွက် မြောက်ဥရောပရဲ့ ကျွန်းနိုင်ငံဆီကို အဓိကဦးတည်ရာ နေရာတခုဖြစ်လာစေပါတယ်။
စိတ်လှုပ်ရှားစရာတွေကို ရှာဖွေသူ အယောက်ထောင်ချီကို ဆွဲဆောင်နိုင်တဲ့ နယ်ပယ်ဒေသ တခုလည်း ဖြစ်ပါတယ်။
Source/Photo-Reuters