ဘောလုံးပွဲတွေမှာ အပြာကတ်ပြားပြသမယ့် စည်းမျဉ်းသစ်ကို လာမယ့်ရာသီမှာ စမ်းသပ်အသုံးပြုတော့မှာ ဖြစ်ပါတယ်။
အင်္ဂလန်အက်ဖ်အေဟာ အက်ဖ်အေဖလားနဲ့ အမျိုးသမီးပြိုင်ပွဲတွေမှာ စတင်စမ်းသပ် အသုံးပြုမှာဖြစ်ပြီး အဆင်ပြေမယ်ဆိုရင် ဘောလုံးပွဲတွေအားလုံးမှာ အသုံးပြုသွားမှာပါ။
ဘောလုံးပွဲစဉ်တွေမှာ ၁၉၇၀ ပြည့်နှစ်ကမ္ဘာ့ဖလားကနေစတင်ပြီး အဝါကတ်နဲ့ အနီကတ်တွေကိုသာ စတင်အသုံးပြုခဲ့ပြီး လာမယ့် ရာသီမှာ အပြာကတ်ကိုပါ စတင်အသုံးပြုဖို့ စည်းမျဉ်းရေးဆွဲလာတာပါ။
အပြာကတ်ကို ဒိုင်လူကြီးတွေအပေါ် ခြိမ်းခြောက်တိုက်ခိုက်မှုနဲ့ သဘောထားကွဲလွဲမှုတွေကို ရပ်တန့်နိုင်ဖို့ အတွက် တချို့သောပြစ်ဒဏ်ကျူးလွန်မူတွေမှာ ပြသနိုင်ပါတယ်။
အပြာကတ်နှစ်ကတ် ဒါမှမဟုတ် အပြာနဲ့ အဝါကတ် ပူးတွဲပြသခံရမယ်ဆိုရင် ထုတ်ပယ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အပြာကတ် တကတ် ပြသခံရမယ်ဆိုရင် ၁၀ မိနစ် ကြာ ထုတ်ပယ်ခံရနိုင်တဲ့ စည်းမျဉ်းလည်း ပါဝင်နိုင်တယ်လို့ တယ်လီဂရပ်ဖ် သတင်းမှာ ဖော်ပြပါတယ်။
ဘောလုံးကျွမ်းကျင်သူအများစုကတော့ အပြာကတ်ပြသနိုင်တဲ့ စည်းမျဉ်းသစ်ဟာ အချိန်ကုန်စေပြီး ရှုပ်ထွေးမှုတွေရှိလာနိုင်ကြောင်း ဝေဖန်ကြပါတယ်။
Photo-Reuters