Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး မတည်မငြိမ်ဖြစ်နေ
DVB
·
February 8, 2024
Gold-price

မြန်မာပြည်တွင်းရွှေဈေးနှုန်းဟာ  ဖေဖော်ဝါရီ ၈ ရက် ဒီနေ့ ညနေပိုင်းမှာ ကျပ် ၃,၈၄၀,၀၀၀ ဝန်းကျင်ကို ပြန်ဆင်းလာပြီး ဈေးနှုန်းအတက်အကျ မတည်မငြိမ် ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက တကျပ်သားကို ၃,၈၆၀,၀၀၀ မှာ ဈေးပိတ်ခဲ့ပြီး ဒီကနေ့ ညနေပိုင်းမှာ ၃,၈၄၀,၀၀၀ ဝန်းကျင်ကို ပြန်ဆင်းလာတာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တယောက်က “အခုလက်ရှိ အနေအထားကတော့ တော်တော်ကို ခန့်မှန်းရခက်ပါတယ်။ အတက်အကျလည်း များတယ်။ ဈေးကွက်အနေအထားကတော့ သိပ်မကျနိုင်ပါဘူး” လို့ ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ကျပ် ၃၉ သိန်းအထိ မြင့်တက် ရောက်ရှိခဲ့ပြီး အဲဒီနောက်ပိုင်း တဖြည်းဖြည်း ပြန်ကျဆင်းလာခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကျပ် ၃၈ သိန်းဝန်းကျင်ထိ ပြန်ကျဆင်းခဲ့ပါတယ်။

အဲဒီနောက် ဒီကနေ့မနက်ပိုင်းမှာ ကျပ် ၃,၈၆၅,၀၀၀ ထိ ပြန်မြင့်တက်လာပြီး လက်ရှိက ကျပ် ၃,၈၄၀,၀၀၀ ဝန်းကျင်မှာ ဈေးအတက်အကျမငြိမ် ဖြစ်နေတာပါ။

ကမ္ဘာ့ ရွှေဈေးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက တအောင်စကို ဒေါ်လာ ၂,၀၂၅ ဝန်းကျင်မှာ ဖြစ်ခဲ့ပေမဲ့ ဒီကနေ့မှာ တအောင်စကို ၂,၀၃၀ ဒေါ်လာအထက် ရောက်ရှိနေပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ မြန်မာကျပ် ၃,၅၂၀ ဝန်းကျင်ဈေး ဖြစ်ပေါ်နေပြီး အနည်းငယ် တက်ရိပ်ပြနေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ နိုင်ငံခြားငွေ ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ ၈ သန်း ‌ရောင်းချပေးမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024