Home
နိုင်ငံတကာ
အလုပ်ချိန်ပြင်ပ အလုပ်ရှင်ဖုန်းခေါ်ဆိုမှုကို လျစ်လျူရှုနိုင်မည့်ဥပဒေ သြစတြေးလျ အတည်ပြု
DVB
·
February 8, 2024
Australia workers ignore phonecall_08022024

ဝန်ထမ်းတွေအနေနဲ့ အလုပ်ချိန်ပြင်ပမှာ အလုပ်ရှင်သူဌေးတွေက ခေါ်ဆို ပေးပို့လာတဲ့ ဖုန်းနဲ့ မက်ဆေ့ချ်တွေကို လျစ်လျူရှုနိုင်စေမယ့် ဥပဒေအသစ်ကို သြစတြေးလျနိုင်ငံသားတွေက ဖေဖော်ဝါရီ ၈ ရက်မှာ ထောက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဒီအဆိုပြု ဥပဒေတွေဟာ လွန်ကဲတယ်လို့ ပြောဆိုရင်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

“အဆက်ဖြတ်ပိုင်ခွင့်” ဟာ လွှတ်တော်ထဲမှာ တင်သွင်းတဲ့ ဥပဒေမူကြမ်းအရ ပြည်ထောင်စုအစိုးရက အဆိုပြုတဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ဥပဒေတွေကို ပြောင်းလဲခြင်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ဖေဖော်ဝါရီ ၈ ရက်က အထက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဝန်ထမ်းတွေကို ဆက်သွယ်ရေး စက်ပစ္စည်းတွေ ပိတ်ခွင့်ပေးထားတဲ့ အလားတူ ဥပဒေတွေဟာ ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် တခြားနိုင်ငံတွေမှာ ရှိနေပြီးသားပါ။

ဒီဥပဒေမူကြမ်းထဲမှာ ယာယီအလုပ်သမားတွေနဲ့ ကုန်ကားမောင်းသူတွေအတွက် အနိမ့်ဆုံး စံချိန်စံညွှန်းတွေနဲ့ ယာယီအလုပ်သမားတွေကနေ အမြဲတမ်းအလုပ်သမားတွေအတွက် ပိုရှင်းတဲ့ လမ်းကြောင်းတခု ပါပါတယ်။

ဩစတြေးလျနိုင်ငံတဝန်းက စီးပွားရေးလုပ်ငန်းရှင်တွေကလည်း “အလျင်စလိုနဲ့ ချို့ယွင်းချက်” ပါနေတဲ့ ဥပဒေရဲ့ သက်ရောက်မှုတွေကို ဂရုတစိုက် ပြန်စဉ်းစားဖို့ အထက်လွှတ်တော်ကို တိုက်တွန်းထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024