နေအိမ်မှာ လက်ရှိ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ ပနားမားသမ္မတဟောင်း ရီကာဒို မာတီနယ်လီဟာ သူ့ကို အကာအကွယ်ပေးဖို့ ပနားမားမြို့တော်ရှိ နီကာရာဂွါသံရုံးမှာ တောင်းဆိုလာခဲ့ပြီးနောက် ပနားမားခေါင်းဆောင်ဟောင်းကို ခိုလှုံခွင့်ပေးခဲ့ကြောင်း နီကာရာဂွါ အစိုးရက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အခုနှစ်နှောင်းပိုင်း ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ထပ်အရွေးခံဖို့ ကြေညာထားပြီးဖြစ်တဲ့ မာတီနယ်လီဟာ သူ့အသက်အန္တရာယ် နီးစပ်နေတဲ့ နိုင်ငံရေး ဖိနှိပ်ခံရမှု သားကောင်အဖြစ် သူ့ကိုယ်သူ ယူဆထားကြောင်း နီကာရာဂွါ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက ပနားမားတရားရုံးချုပ်ဟာ ငွေကြေးခဝါချမှု စွဲချက်တွေ အပေါ် ဗဟိုပြုပြီး မနှစ်က ပြစ်ဒဏ်စီရင်ထားတဲ့ ၁၁ နှစ်နီးပါး ထောင်ဒဏ်ကို ဖျက်သိမ်းပေးဖို့ သမ္မတဟောင်း မာတီနယ်လီရဲ့ အယူခံဝင်မှုကို ပယ်ချခဲ့တာပါ။
ဒါတောင်မှ ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဗဟိုအမေရိကနိုင်ငံရဲ့ သမ္မတဖြစ်ခဲ့တဲ့ မာတီနယ်လီဟာ မေလရဲ့ သမ္မတရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲတွေမှာ ဦးဆောင်နေခဲ့ပါတယ်။
ပနားမားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
Source/Photo-Reuters