Home
နိုင်ငံတကာ
ဝဂ္ဂနာကြေးစားစစ်တပ် တပ်မှူးဟောင်း ၁ ဦး ကို ခိုလှုံခွင့်ပေးရန် နော်ဝေ ငြင်းဆို
DVB
·
February 8, 2024
FILE PHOTO: Andrei Medvedev, a former commander of Russia's Wagner mercenary group smiles during an interview in Oslo

နော်ဝေနိုင်ငံဆီ မနှစ်က ထွက်ပြေးခဲ့တဲ့ ရုရှားနိုင်ငံအခြေစိုက် ဝဂ္ဂနာကြေးစားစစ်တပ်ရဲ့  တပ်မှူးဟောင်း တယောက်ကို ခိုလှုံခွင့် ပေးဖို့ ငြင်းပယ်ခဲ့ပေမဲ့ ပြန်ပို့ဖို့ အလွန်အန္တရာယ်များလို့ ပြည်နှင်ဒဏ်ပေးမှာ မဟုတ်ဘူးလို့ သူ့ရှေ့နေက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောလိုက်ပါတယ်။

နော်ဝေနဲ့ အာတိတ်နယ်စပ်ကိုဖြတ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ရုရှားနိုင်ငံကနေ လွတ်လာတဲ့ အန်ဒရေ မက်ဗီဒေ့ဗ်က သူ့ကို ရုရှားအစောင့်တွေက ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဝဂ္ဂနာရဲ့ တစိတ်တပိုင်းအနေနဲ့ ယူကရိန်းမှာ တိုက်ပွဲဝင်နေချိန်အကြောင်း တွေကိုလည်း သူက ပြောပြခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက သူ့ကို လွန်ခဲ့တဲ့ သုံးပတ်က ခိုလှုံခွင့် ငြင်းပယ်ခဲ့တာပါ။ သူဟာ တိုက်ခိုက်ရေး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပေမဲ့  ရုရှားစစ်တပ်ရဲ့ ပုံမှန် တိုက်ပွဲဝင်စစ်သည် မဟုတ်ဘူးလို့ ယူဆလို့ရတဲ့အတွက် အပြစ်ပေးလို့ မရနိုင်ဘူးလို့ မက်ဗီဒက်ရဲ့ ရှေ့နေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

မက်ဗီဒက်က တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ စီစဉ်ခဲ့ပေမဲ့ သူ့ကို ပြန်ပို့ရင် အန္တရာယ်ရှိလို့ ရုရှားနိုင်ငံဆီ နှင်ထုတ်ခံရမယ့် အန္တရာယ် မရှိဘူးလို့ ရှေ့နေက ပြောပါတယ်။

သူဟာ ဝဂ္ဂနာက လူတွေသတ်တာ ခံရနိုင်သလို တပ်ပြေးမှုနဲ့လည်း အပြစ်ပေးခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ရှေ့နေက ပြောပါတယ်။

Source/Photo-REUTERS/Janis Laizans

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024