Home
မြန်မာသတင်း
မအူပင် ရေကာတာကျေးရွာတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီး
DVB
·
February 7, 2024
Yay Kar Tar village Fire by SAC_07022024
Yay Kar Tar village Fire by SAC 1_07022024
Yay Kar Tar village Fire by SAC 2_07022024

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း မအူပင် ရေကာတာကျေးရွာမှာ ဂိတ်ထိုင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရှမ်းနီတပ် (SNA) ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီကျော်လောက်မှာ လာရောက်တိုက်ခိုက်ပြီးနောက် နေအိမ် ၁၂ လုံးကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“မနက်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ကထန်ယန် - လွယ်ဆိုင်ဘက်က တက်လာတဲ့တပ်တွေလို့ ပြောတယ်။ ရှမ်းနီတွေလည်းပါတယ်။ ရွာမီးရှို့တာ ၁၂ အိမ်ပါသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မအူပင်ရေကာတာကျေးရွာက အိမ်ခြေ ၂၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၂ အိမ်က မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။

"KIA စစ်သားတွေကတော့ ကျေးရွာဘက်ကို အထိမခံချင်​​ကြဘူးလေ။ သူတို့ဆုတ်တာနဲ့ စစ်တပ်နဲ့ ရှမ်းနီတွေ ရွာမီးရှို့တာပဲ" လို့ ဒေသခံက ပြောပါတယ်။

မအူပင်ရေကာတာကျေးရွာဘက်ကို ဖေဖော်ဝါရီ ၇ ရက် မနက် ၅ နာရီလောက်ကတည်းက နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားတဲ့အချိန်အထိ ကာမိုင်းဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူ​ပေးခဲ့တယ်လိုလည်း သိရပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဓမ္မဆရာတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မအူပင်ကျေးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024