မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးချမ်းမြေ့အောင် ဖေဖော်ဝါရီ ၅ ရက် ညနေက ခလရ-၂၅၈ ကနေ မြို့ထဲကို ကားနဲ့ ပြန်လာစဉ် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ရေစကြို ပကဖကနေ သိရပါတယ်။
ရေစကြို ပကဖ က ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဗိုလ်မှူးချမ်းမြေ့အောင်နဲ့ စစ်သား ၄ ဦးကို နေပြည်တော် စစ်ဆေးရုံမှာ ကုသထားစဉ် ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ်မှာ သေဆုံးသွားကာ ယာဉ်မောင်း စစ်သားရဲ့ အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
ရေစကြို ပကဖတာဝန်ရှိသူတဦးက “စီမံကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးချမ်းမြေ့အောင် ပါလာတဲ့ အိမ်စီးကားပေါ့၊ သူနဲ့ဆို ၅ ယောက်ပါတာပေါ။ ၂၈၉ ကနေ မြို့ထဲကိုပြန်လာတာ လမ်းမှာ ဘီယာဆိုင်ဝင်ပြီး ထွက်လာတဲ့အချိန် ရေစကြိုအထွက်က ဆိုင်းဘုတ်နားမှာ အနီးကပ် ပစ်ခတ်ခဲ့တယ်။ ကားသမားက ဒဏ်ရာတွေနဲ့ တောက်လျှောက်မောင်းပြီးပြေးသွားတယ်။ ပစ်တဲ့နေရာက ရဲစခန်းနဲ့နီးတော့ ရန်သူ့ပစ္စည်းလည်း မကောက်လိုက်ရဘူး။ နောက်ရက်ကျ ဒီကောင်ကို ပခုက္ကူဆေးရုံပို့တယ်၊ အဲ့ကမနိုင်လို့ ခလရ-၂၅၉ ပခုက္ကူတပ်ထဲကို ပို့တယ်၊ အဲ့ကမှ မနိုင်တော့ နေပြည်တော်ကိုပို့တယ်၊ ၆ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ ဆုံးသွားတယ်” လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုအဖွဲ့က ဆောင်ရွက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။