Home
နိုင်ငံတကာ
အိန္ဒိယတွင် မီးရှူးမီးပန်းစက်ရုံပေါက်ကွဲပြီး လူ ၆ ဦးထက်မနည်း သေဆုံး 
DVB
·
February 7, 2024
At least 6 killed in India firecracker factory fire

အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ဟာဒခရိုင်မှာ ဖေဖော်ဝါရီ ၆ ရက်က မီးရှူးမီးပန်းစက်ရုံတခု ပေါက်ကွဲပြီးနောက်မှာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အထဲမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ဖို့အတွက် မီးသတ်သမားတွေ၊ ပြည်နယ်သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (SDRF) အဖွဲ့တွေနဲ့ တခြားဒေသဆိုင်ရာ တာဝန်ရှိသူတွေဟာ မီးလောင်ထားတဲ့ အပျက်အစီးတွေကို ရှင်းလင်းခဲ့ကြပါတယ်။

တချို့ထိခိုက်သူတွေကို ဟော့ရှန်ဂါဘဒ်ခရိုင်ရှိ အနီးနားရှိ ဆေးရုံတွေဆီ ရွှေ့ပြောင်းထားပြီး တချို့ကိုတော့ ဘိုပါးလ်မြို့ကို ဆေးကုသမှုခံယူစေဖို့ ပို့ဆောင်ထားကြောင်း မက်ဒရာ ပရာဒက်ရှ် ပြည်နယ်အကြီးအကဲ မိုဟန် ယာဒေ့ဗ်က ပြောပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီဟာ သေဆုံးသူတွေရဲ့ မိသားစုတွေကို ရူပီး ၂ သိန်းနဲ့ ဒဏ်ရာရသူတွေကို ရူပီး ၅၀၀၀၀ ပေးအပ်ကူညီမှာ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာပလပ်ဖောင်း X  မှာ ပို့စ်တင်ထားပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024