Home
နိုင်ငံတကာ
အီတလီတွင် ရွှေ့ပြောင်းလူငယ် ၁ ဦး သတ်သေပြီးနောက် ဆူပူမှုဖြစ်
DVB
·
February 6, 2024
Italy arrests 14 after unrest at migrant detention centre

အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးက ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးဌာနမှာ ထိန်းသိမ်းခံ လူငယ်အမျိုးသားတယောက်က သူ့ကိုယ်သူ သတ်သေပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့လို့  လူ ၁၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အီတလီအာဏာပိုင်တွေက ဖေဖော်ဝါရီ ၅ ရက်မှာ ပြောပါတယ်။

ဂီနီနိုင်ငံသား အသက် ၂၁ နှစ်အရွယ် အမျိုးသားတယောက်ရဲ့  အလောင်းကို​ တွေ့အပြီးမှာ ထောင်ဆူမှု ဖြစ်ခဲ့တာပါ။

မွေ့ယာတွေကို မီးရှို့ပြီး ပစ္စည်းတွေကို လွှင့်ပစ်ရင်း ထိန်းသိမ်းခံတွေက ယာဉ်ရပ်နားစခန်းဆီ ပြေးထွက်ဖို့ ကြိုးစားခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်က ဆူပူလှုပ်ရှားမှုအတွင်း စစ်သားတယောက်နဲ့ ရဲအရာရှိ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ယာယီထိန်းသိမ်းရာ ဌာနဖြစ်တဲ့ ပွန်ချေဂါ လေးရီယာ အကျဉ်းစခန်းကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားရင်း ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးခဲ့ရပါတယ်။ ဒီအကျဉ်းစခန်းဟာ ရောမမြို့တော်ရှိ ဖျူမီချီယိုမြို့ရဲ့ အဓိက လေဆိပ်နဲ့ နီးပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024